မင်္ဂလာပါကွန်ပျူ တာရှင်းလင်းရေးအတွက် CCleaner ထဲ ပိုကောင်းတဲ့
JetClean.Pro ဆော့ဝဲကိုအားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ကွန်ပျူတာ စနစ်အတွင်းမှ Error တွေကို ရှာဖွေရှင်းလင်းပေးနိုင်ပြီး
ကွန်ပျူတာ၏ လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန်စွာနဲ့
လုပ်ဆောင်နိုင်စေဖို့အတွက် စီစဉ်ဖန်တီးပေးနိုင်တဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲဟာ Registry Error တွေ၊ Temp File တွေအပြင် တစ်ခြားသော
Browser အတွင်းက History ဖိုင်တွေကိုပါ ဖယ်ရှားရှင်းလင်း
နိုင်ဖို့အတွက် All-in-One ဆော့ဖ်ဝဲကောင်း တစ်ခု ဖြစ်ပါတယ်။
Windows စနစ်အတွင်းမှာရှိတဲ့ Error တွေကိုရှာဖွေ ရှင်းလင်းပေးနိုင်သလို၊
အင်တာနက် အသုံးပြုသူတွေအတွက်လည်း ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက်တွေရဲ့
Cookie တွေကို လုံခြုံစွာ သိမ်းဆည်းပေးထားနိုင်မှာ ဖြစ်ပြီး၊ အကယ်၍
အသုံးမပြုလိုပါကလည်း အလွယ်တကူနဲ့ ဖယ်ရှား ရှင်းလင်းပေးနိုင်ပါသေးတယ်။
ဒီဆော့ဝဲရဲ့ Feature တွေထဲမှာတော့ Registry Clean, Windows Clean,
Apps Clean, Shortcuts Clean, RAM Clean ဆိုပြီး အပိုင်းတွေ ခွဲထားပါတယ်။
ကိုယ်ဖယ်ရှား ရှင်းလင်းချင်တဲ့ အပိုင်းတွေကို ရွေးချယ်ကာစိတ်ကြို က်ကလစ်ယူနိုင်ပါတယ်။
အရမ်းစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ကွန်ပျူ တာမှာရှိတဲ့
ဖိုင်တွေကို အလွယ်တကူ ရှာဖွေရှင်းလင်းနိုင်စေဖို့နဲ့ ရိုးရှင်း တဲ့ပုံစံနဲ့
စီစဉ်ဖန်တီးပေးထားတဲ့ အတွက် အသုံးပြုလိုသူတွေအနေနဲ့
အလွယ်တကူပဲ သုံးစွဲနိုင်တဲ့ အချက်ဖြစ်ပါတယ်။
Read more tutorial & Download Here>>>http://www.winhlaing.org/…/registry-error-jetcleanpro150125…

No comments:
Post a Comment